သစ္စာသည် သစ္စာရှိသူအပေါ်တွင် တည်သည်။
သစ္စာ၏ အကျိုးဆက်ကို သစ္စာစောင့်သိသူများ စံစားရသည်။
သစ္စာပျက်လျှင် ကောင်းကင်ကို မမြင်နိုင်။
သစ္စာကို အခြေပြု၍ လူဆိုး၊ လူကောင်း ခွဲခြားနိုင်သည်။
သစ္စာစောင့်သိခြင်းသည် ခိုင်မာသော ရင်းနှီးမှုကို ပြသခြင်းဖြစ်သည်။
သစ္စာကို ယုံကြည်မှု ထုံးတမ်းတွင် အကာအကွယ်အနေနှင့် အသုံးပြုကြသည်။
တဦးနှင့်တဦး တမလွန်တွင် ပြန်လည်ဆုံစည်းရန် သစ္စာဆိုကြသည်။
သစ္စာကို ကိုးကွယ်သူများရှိသည်။
သစ္စာကို အသက်ပေး၍ စောင့်ထိန်းသူများရှိကြသည်။
သစ္စာသည် ခဲယဉ်းသော စောင့်ထိန်းမှုဖြစ်သည်။
သစ္စာ၏ တန်ဖိုးသည် ကြီးမားသည်။
သစ္စာရှိသူ ရှားပါးသည်။
သစ္စာသည် လူတိုင်း ကျင့်ဆောင်ရန် ခဲယဉ်းသည်။
သစ္စာသည် တန်ခိုးကို ဖြစ်ထွန်းစေသည်။
သစ္စာသည် တပ်မက်မှုကို ရောင့်ရဲစေသည်။
ဘုရားသခင်သည် -
သစ္စာရှိသော ကိုးကွယ်ခြင်းယဇ်ကို နှစ်သက်တော်မူသည်။
သစ္စာရှိသော ဝတ်ကို နှစ်သက်တော်မူသည်။
သစ္စာရှိသူကို ဖြောင့်မတ်သူအဖြစ် မှတ်တော်မူသည်။
သစ္စာရှိသူ၏ ဘဏ္ဍာတော်ကို အဖိုးထားသည်။
ညီအစ်ကိုအင်္ဂါချင်းကြားတွင် သစ္စာထားရှိခြင်း (သို့) သစ္စာစောင့်ထိန်းခြင်းဝတ်သည် စောင့်ထိန်းရန်ဖြစ်သည်။
လူသည် သစ္စာကတိပြု၍ ပူဇော်လျှင်၊ ပူဇော်အပ်သောသူသည်၊ သင်အဖိုးဖြတ်သည်အတိုင်း ထာဝရဘုရား၏ ဘဏ္ဏာတော် ဖြစ်ရမည်။ (ဝတ်ပြုရာ ၂၇:၂)
ယေရှုခရစ်၏ တပည့်တော် သာဝက (၁၂)ပါးတွင် ယုဒရှကာရုတ်၏ သစ္စာမဲ့သော အနမ်း၏ အဆုံးသတ်သည် မိမိကိုယ်ကိုယ် အဆုံးစီရင်ခြင်းဖြစ်သည်။
သစ္စာပါသော အကျင့်ကို ရေးမှတ်ထားရမည်။
သစ္စာရှိခြင်းသည် အဆုံးတွင် ကောင်းချီးကို ဖြစ်ထွန်းစေသည်။
ကရုဏာတရားနှင့် သစ္စာတရားကို သင်နှင့်မကွာစေနှင့်။ ထိုတရားတို့ကို သင်၏လည်ပင်း၌ ဆွဲထားလော့။ နှလုံးအင်းစာရင်း၌ ရေးသွင်းလော့။ (သုတ္တံ ၃း၃)
စောကိုကို