ရွှေတန်ဆာ၊ ငွေတန်ဆာကဲ့သို့ ပူဇော်ရသော ယဇ်တန်ဆာများ

 

ထာဝရဘုရားအား ကိုးစားသော ရှင်ဘုရင်ဒါဝိဒ်သည် ခြေတင်ရာ ခုံဗိမာန်နှင့် ပဋိညာဥ်သေတ္တာ စံတော်မူရာအိမ်တော်ကို ဆောက်ဖို့ရန် ပြင်ဆင်ရာတွင်၊ သူ၏သားတော် ရှောလမုန်မင်းကြီးကို အခွင့်ပေးသနားတော်မူသည်။

ခမ်းနားထည်ဝါခြင်းအမှုတွင် အမြတ်ဆုံးဖြစ်သော ဘုရားသခင်ကျိန်းဝပ်စံပယ်တော်မူသောနေရာအား တည်ဆောက်ရခြင်း အမှုအရာတွင် တာဝန်ကျသော သားတော်ရှောလမုန်ကို 'အားယူ၍ တည်ဆောက်ဖို့ရန်' ရှင်ဘုရင်ဒါဝိဒ်သည် ဝမ်းမြောက်ဝမ်းသာစွာဖြင့် သွန်သင်ပြောကြားလေသည်။

ဘုရားသခင်သည် ဗိမာန်တော်တည်ဆောက်ခြင်းအမှုကိစ္စကို အဆုံးထိတိုင်အောင် တာဝန်ယူမည်ဖြစ်ကြောင်းလည်း စိုးရိမ်ကင်းဖို့ရန် အားပေးစကားဆိုလေသည်။


အကြောင်းမူကား၊ သူတို့သည် အဲဂုတ္တုပြည်မှ ငါနုတ်ဆောင်သော ငါ၏အမှုထမ်းဖြစ်၍၊ အစေခံကျွန်ဖြစ်စေခြင်းငှာ၊ မရောင်းရ။ (ဝတ်ပြုရာ ၂၅း၄၂)

ရှောလမုန်မင်းကြီး တည်ရသော ဗိမာန်တော်တွင်အသုံးပြုသော ရွှေတွင် အနှစ်သာရ အဓိပ္ပါယ်ရှိသည်။

ရွှေသည် ကာလတန်ကြေးအားဖြင့် ကျဆင်းမှုနည်းပါးသည်။

ကျိုးပဲ့နေသော ‌ရွှေပင်ဖြစ်လင့်ကစား မူလတန်ဖိုးအတိုင်းပင်။

ရွှေသည် အပူပေးကာ အရည်ကြိုခံနိုင်ရည်ရှိပြီး အရောင်မပြယ်လွင့်တတ်ချေ။


ဘုရားသခင်၏ အစေခံဖြစ်ကြသော အမှုတော်ဆောင်များသည်လည်း ဘုရားသခင်အတွက် ပူဇော်ခံရာ ရွှေနှင့် အလားသဏ္ဌာန်တူညီပါသည်။

ဘုရားသခင် ရွေးနှုတ်ထားသော အပူဇော်ခံရွှေများ ဖြစ်ကြသည်။

အင်္ဂါသဏ္ဍာန် မတူညီမှုများနှင့် ဆက်ကပ်နေကြသော တန်ဆာများဖြစ်ပြီး တန်ဖိုးဖြတ်၍ မရပေ။

တန်ဖိုးကြီးသော တန်ဆာများဖြစ်သည်။

ရောင်းစားရသော အသက်တာမဟုတ်ချေ။

စည်းစိမ်ကာမဂုဏ်ဖြင့် ရောင်းစားလဲလှယ်ရန်လည်း မဟုတ်ပါချေ။


အကြောင်းမူကား၊ ထိုသို့အလိုငှာ သင်တို့ကိုခေါ်တော်မူပြီ၊ ခရစ်တော်သည် ငါတို့အတွက် ခံတော်မူသည်ဖြစ်၍၊ ခြေတော်ရာကို လျှောက်လိုက်စေခြင်းငှာ ပုံသက်သေကိုထားတော်မူပြီ။ (၁ ရှင်ပေတရု ၂း၂၁)


ထာဝရအသက်ရရှိပြီး လူသားတွေအပြစ်မှ လွတ်မြောက်ဖို့ရန် ဘုရားသခင်၏ အမှုထမ်းကြသည့်အလျောက် တန်ဖိုးဖြတ်မရသော အပူဇော်ခံယဇ်အရာ၌ အင်္ဂါချင်းသည် ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ဘဝဆုံးခန်းထိတိုင် ဆက်ကပ်ပူဇော်ခံမှုသည် ကြီးမြတ်လွန်းသော ဘုရား၏ တန်ဆာများဖြစ်သောကြောင့်ပင်တည်း။


စောကိုကို

(ခေတ္တ လက်ပံခုံ နှစ်ခြင်းသာသနာပြု သိုးတော်စု)


ကလောင်ရှင် - စောကိုကို

စာတည်း - စဲလာအို 

(နိုဝင်ဘာ ၉ရက်၊ ၂၀၂၄ခုနှစ်တွင် စာတည်းသည်)