ခရစ်ယာန်အသက်တာတွင် ဆုတောင်းခြင်းသည် အဖိုးထိုက်သောအရာဖြစ်သည်။
'အရာ'ဆိုသည်မှာ ဒဏ်ရာတခု ပျောက်ဆုံးသွားပါသော်လည်း အမာရွတ်ကဲ့သို့ ကျန်ရစ်သော အမှတ်အသားတခုကိုဆိုလိုသည်။
ယုံကြည်သူနှင့် ဘုရားသခင်ကြားက 'အရာ'ထင်စေသည်မှာ ဆုတောင်းခြင်းသာဖြစ်သည်။
အကြံထမြောက်ခြင်း၊ အမှုအရာလုပ်ဆောင်ပြီးခြင်း၏ ကျန်ရစ်သောမှတ်တမ်းအဖြစ် ဘုရားသခင်နှင့်လူကြားတွင်ရှိသော တည်ဆောက်ရာ မိဿဟာရသည် ဆုတောင်းခြင်းပင်။
ဆုတောင်း၍ ဘုရားဘက်မှ သက်သေရရှိခြင်း၊ ဆုတောင်းခြင်းကြောင့် ဘုရား၏ စောင့်ရှောက်မှုကို မြင်ရခြင်း၊ လက်တွေ့ခံစားရသူတိုင်း၏ နှလုံးသားတွင် ဖွင့်ပြဖို့ရာ မစွမ်းသာသော ပီတိရသဖြစ်ခြင်းတို့သည်လည်း ဆုတောင်းခြင်းမှ ဖြစ်ပေါ်လာသည်။
ဆုတောင်းရန် လိုအပ်သည်။
ဆုတောင်းအားနည်းသူသည် မစိုပြေ၊ မစိမ်းလန်းသော သစ်သီးပုပ်နှင့်တူလေသည်။
တခါတရံ ဆုတောင်းရင်းဖြင့် ပြဿနာအသစ်များ တွေ့ကြုံရပြန်သည်။
ထိုအရာသည် ဆုတောင်းအားကြီးသူများ ခံစားရသော စုံစမ်းခြင်းပင်ဖြစ်သည်။
ခန္ဓာကိုယ်ချို့ယွင်းမှုများပါ အမှတ်မထင် ကြုံတွေ့ရပြန်သည်။
အဆိုပါ စုံစမ်းများခြင်းကို အချို့က ဆုတောင်းရင်းကြော်ဖြတ်နိုင်ကြပြီး အချို့မှာ မကျော်လွှားနိုင်ကြပေ။
ဆုတောင်းခြင်းအလုပ်ကို စွန့်လွှတ်သည်အထိ စုံစမ်းမှုဒဏ်ကို ခုခံကာကွယ်နိုင်ခြင်း မစွမ်းသာကြပေ။
ခဲရင်းစွာတည်ဆောက်ရာတွင် ပြန်လည်သက်သေခံစရာများသည် စုံစမ်းခြင်းထဲမှ ဆက်ဆုတောင်းရင်းဖြင့် ဝမ်းမြောက်စွာ လွန်မြောက်ခြင်းဖြစ်သည်။
စိမ်းလန်း၍ ကျက်စားရာအရပ်သည် ဆုတောင်းနေသောသူများအတွက် သီးသန့်နေရာဟုပင် ဆိုရပေမည်။
ဓမ္မသစ်ကျမ်း ရှင်လုကာအခန်းကြီး(၁၁)တွင် ဘုရားက 'မအားမလပ်ပေးဖို့ မရှိသူဖြစ်သလို၊ တံခါးစောင့်ပိတ်ပြီး ငါ့ကိုမနှောက်ယှက်ပါနှင့်'ဟု ပြောမည်လည်းမဟုတ်ပါချေ။
တံခါးခေါက်လျှင် ဖွင့်ပေးဖို့ရန် အသင့်ရှိသူဖြစ်သည်။
ဘဝတွင် ကျေနပ်စရာအပြည့်အစုံနှင့် စိတ်နှလုံးသက်သာခြင်းများသည် ဆုတောင်းသောသူအတွက် ထုပ်ပိုးပြီး ပေးဖို့ရန်အသင့်ရှိနေသော ဘုရားသခင်၏ လက်ဆောင်များပင်။
ထို့ကြောင့် မခြားမလပ် ဆုတောင်းပါ။
ထို့ကြောင့် ဆုတောင်းပါ။
တစ်ဖန် ငါဆိုသည်ကား၊ တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့၊ ခေါက်လျှင်ဖွင့်မည်။ (ရှင်လုကာ ၁၁း၉)
စောကိုကို
ကလောင်ရှင် - စောကိုကို
စာတည်း - စဲလာအို
(နိုဝင်ဘာ ၁၁ရက်၊ ၂၀၂၄ခုနှစ်တွင် စာတည်းသည်)