မိတ်ဆွေတစ်ဦး စာရေးသူဆီသို့ ငွေအနည်းငယ် ချေးငှားရန် တယ်လီဖုန်းဖြင့် ဆက်သွယ်လာသည်။
သူ(မိတ်ဆွေ)နေထိုင်ရာသည် သွားလွယ်လာလွယ်သေးသော ပဲခူးတိုင်းတွင်ဖြစ်သည်။
စာရေးသူအနေနှင့် ငါသောင်းခန့် ကူညီနိုင်မည်ဖြစ်ကြောင်း သာသနာပြုကွင်းတွင် လုံလောက်ရုံရှိသော ကျေးဇူးတော်အကြောင်း ရှင်းလင်းပြောပြရသည်။
KBZpay နဲ့ဖြစ်ဖြစ်၊ Wave နဲ့ဖြစ်ဖြစ် လွှဲပေးလိုက်မည်ဟု စာရေးသူ ပြန်ကြားလိုက်သည်။
ဤတွင် သူ့(မိတ်ဆွေ)ဘက်က ချေပသောစကားတခွန်းသည်
"သြော်ဆရာရယ် ဆရာက ကောင်းချီးသိပ်မလျှံတဲ့ အရပ်ကို ရောက်နေတာပဲ။
ကောင်းချီးလျှံတဲ့အရပ်ကို ပြောင်းပြီး သာသနာပြုပါလား။
ဒါဆိုရင်တော့ အကူညီတောင်းသူတွေကို ပိုပြီး ကူညီနိုင်မှာပေါ့ဗျာ ...။"
သာမန်လူ၏ မျက်စိတွင် ကောင်းချီးဆိုသောအရာသည် ငွေကြေး၊ ကျမ်းမာခြင်း အောင်မြင်သောဘဝဟု အတိုကောက်တွေးထားသော သက်သာခြင်းသဘောကို ဖွင့်ဆိုထားပေမည်ဖြစ်သည်,
ကောင်းချီး။ ကောင်းချီးဟူသည် ငွေကြေးပြည့်စုံဖို့ရန်အတွက် စာရေးသူ သာသနာပြု အစေမခံလိုချေ။
စီးပွားရေး တခုခုလုပ်နေမည်သာ။ အတတ်နိုင်ဆုံး ပြန်လည်တည်ဆောက်၊ တည့်မတ်ပေးမည့် ဘုရားသခင်ထံ ဉာဏ်ပညာ တောင်းလိုက်မိသည်။
ပြန်လည်ရှင်းပြဖို့ရန် စာရေးသူ နှုတ်မပွင့်ခဲ့။
ငွေကြေး၊ ဓန၊ ဥစ္စာပြည့်စုံခြင်းသည်သာ ကောင်းချီးဟု ဆိုမထားပါ။
ဘုရားသခင်၏ အစေခံရသောအခွင့်ကို ကောင်းချီးဟု ခံယူထားသော စာရေးသူအဖို့ ရေရှိခြင်း၊ ရေမရှိခြင်း၊ အစာရေစာပေါခြင်း၊ အစာရေစာရှားပါးခြင်း၊
လမ်းသာခြင်း၊ လမ်းမသာခြင်း၊ ပိုက်ဆံများများ ဝင်ခြင်း၊ ငွေကြေး ချို့တဲ့ခြင်း၊ စားရခြင်း၊ ငတ်ပြတ်ခြင်း စသည်များထက်စာလျှင်
ဘုရားသခင် ခွဲခန့်ပေးသောနေရာတွင် အသက်ရှင်နေထိုင်ရခြင်းသည် လုံလောက်ပြည့်စုံသော ကောင်းချီးဖြစ်သည်။
မရှိသောအရာများထဲက ရှိလာခြင်းသည် ဘုရားသခင်၏ ကောင်းချီးဟုဆိုရမည်မှာ မှန်ကန်ပါသည်။
ရေမရှိသောအရပ်တွင် ရေကိုထွက်စေခြင်းသည် ကောင်းချီးဖြစ်သည်၊
သွေ့ခြောက်သောမြေဆီကို မိုးရွာချစေခြင်းအားဖြင့် စိုစွတ်စေသော ကောင်းချီးပေးသောဘုရားဖြစ်သည်။
မြောက်များစွာသော ကောင်းချီးများစွာကို လုပ်ပေးနေသော ဘုရားဖြစ်ပါသည်။
ဆိုးညစ်သောသဘောကို ရယူချင်ကြမည်မဟုတ်ပေ။
ယောသပ်သည် အရောင်းစားခံရသည်ကို ကျေးဇူးတော်ချီးမွမ်းခဲ့သည်မှာ အဓိပ္ပါယ်ရှိသည်။
အသက်အန္တရာယ်ရှိသော်လည်း ဘုရားသခင်၏ နိုင်ငံတော်အတွက် သာသနာပြုသော အစေခံများလည်း ရာစုနှစ်အလိုက်ရှိခဲ့သည်။
သူတို့သည်လည်း ကြုံတွေ့ရသော အခက်အခဲရောက်ချိန်တွင်ပင် ကျေနပ်စွာဖြင့် ဘုရားသခင်၏ ကောင်းချီးနှင့် ကျေးဇူးတော်ကို ချီးမွမ်းရေတွက်ကာ အသက်ပေးလှူလိုက်သည်ပင်။
သို့ကြောင့် ကောင်းချီးဆိုသော ဘုရားပေးသော ကျေးဇူးတော်သည် လမ်းခရီးအဆုံးသတ်၌ ဘုရားဘုန်းတော်ထင်ရှားစေဖို့ရန်သာဖြစ်ကြောင်း ခံစားမိစေသည်။
ဘုရားသခင်၌ရှိသော ကောင်းချီးသည် အဆုံးထိတိုင် ရှုမြင်တတ်ဖို့ရန် ခံနိုင်ရည်ရန်လိုအပ်မည်။
နေရာဌာနကောင်းမှ ကောင်းချီးခံစား၊ စံစားရသည်သာ မဟုတ်သကဲ့သို့ ပြည့်စုံသော ဓနဥစ္စာရှိခြင်း၊ ရရှိခြင်းသည်ကသာ ကောင်းချီးမဟုတ်ပါ။
ဘုရားသခင်၏ မေတ္တာတော်အားဖြင့် အပြစ်များစွာအတွက် ကယ်တင်သခင်ယေရှုကို ယုံကြည်ကိုးကွယ်ရန် ဖြစ်လာရခြင်းသည်ကသာ ထာဝရကောင်းချီးမင်္ဂလာအစစ်ဟုခံစားမိရင်း ကျေးဇူးတော်ချီးမွမ်းနေပါသည်။
အို ငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီးပေးလော့။ ကျေးဇူးတော်အပေါင်းကို မမေ့လျော့နှင့်။ (ဆာလံကျမ်း ၁၀၃း၂)
စောကိုကို
(ခေတ္တ လက်ပံခုံ နှစ်ခြင်းသာသနာပြု သိုးတော်စု)
ကလောင်ရှင် - စောကိုကို
စာတည်း - စဲလာအို
(နိုဝင်ဘာ ၉ရက်၊ ၂၀၂၄ခုနှစ်တွင် စာတည်းသည်)