Library Foundation


စာကြည့်တိုက်လည်းလုပ်ရင်း
အမှုတော်လည်း ဆောင်ရင်းနဲ့
စာပေသာသနာချဲ့ဖို့ စာအုပ်ကောင်းတွေ လိုအပ်ပါတယ်။
- ကလေးစာပေ
- လူကြီးစာပေ
နှစ်ခြိုက်ရာ ပေးပို့နိုင်ပါတယ်။
ရသ၊ သုတ၊ မဂ္ဂဇင်းများ ပို့နိုင်ပါတယ်။
စာစောင်များလည်း ပေးပို့နိုင်ပါတယ်။
စာအုပ်စင်ပါ အထောက်အမအနေနဲ့ ကူမနိုင်ရင် ပိုကောင်းပါတယ်။
စာပေရေချမ်းစင်ဆိုပြီးတော့ အခြေခံအဆင့် မြန်မာစာမှာ 
သင်ကြားတဲ့ စနစ်ကိုသာ
ခရစ်တော်ရဲ့ သာသနာလုပ်ငန်းမှာ အသုံးပြုလိုက်မယ်ဆိုရင်ဖြင့် ...
စာအုပ်ကောင်း အလှူခံပါတယ်။

စာကြည့်တိုက် (သို့မဟုတ်) စာငှားစနစ်ပြုလုပ်လိုသူ
ကိုရဲ (အောင်လံ)
+95-9-982-524-733
မော်လမြိုင်မြို့

Yel Win သည် လက်ရှိ မော်လမြိုင်မြို့တွင် ဧဝံဂေလိ သတင်းကောင်း ဝေငှနေသည့် တရားဟောဆရာတယောက်ဖြစ်ပါသည်။
စာငှားစနစ် (သို့) စာကြည့်တိုက်ထောင်ပြီး စာပေ သာသနာပြုလိုသူဖြစ်ပါသည်။
လက်ရှိတွင် သမ္မာကျမ်းစာဆိုင်ရာ မာစတာဒီဂရီဘွဲ့တခုကိုလည်း တက်ရောက်နေသူဖြစ်ပါသည်။
ဆောင်းပါးကောင်း များစွာ ရေးသားနေသူဖြစ်သည့်အပြင် စာစု ကဗျာများလည်း ရံဖန်ရံခါ ရေးသားလေ့ရှိပါသည်။

စာပေဖြင့် သာသနာပြုလိုသည့်ဆန္ဒကို မိတ်ဆွေတို့ရဲ့ တတ်နိုင်သည့် အားဖြင့် ကူမပေးကြရအောင်။
စာပေသာသနာကနေ ပြုလုပ်နိုင်တာတွေကတော့
- စာဖတ်ပြခြင်း
- စာအံခြင်း
- စာပေစကားဝိုင်း
- စာပေဟောပြောပွဲ
- ကျပန်းစကားပြိုင်ပွဲ
- စာပေ တွေးခေါ်မျော်မြင်မှု
- စာပေဆိုင်ရာ (ရသ၊ သုတ)
- နံရံကပ်စာစောင်
- ကလေးပန်းချီ
- ပုံပြောခြင်း
စသည်ဖြင့် များစွာ ရှိနေပါသည်။

စာပေ သာသနာကို ဝန်တာထားတဲ့ စာမုဆိုးများဆီ များများ ရောက်အောင် Share ကူပေးကြပါလို့ ....