"ကျီ"

ဒါမှမဟုတ် ငါတို့အမြဲစိုက်ရမယ့် အိမ်တော်


အမိုးအကာ

ဘာမှ မရတော့တဲ့ အချိန်

မြစ်ရေက တရိပ်ရိပ် ခေါင်ထိပ်ထိလာ


ထိုမှ 

သခင်၏စေညွှန်ရာ

တလင်းနယ်ကြ သိုးစု၏အိမ်တော်မှာ

ဒုက္ခတွေ တရိပ်ရိပ် တံစက်မြိတ်ထိ တက်လာ


ကယ်မရာ 

သခင်၌ မျှော်လင့်ခြင်းမှ တစ်ပါး အခြား မရှိနိုင်ပါ


ထိုကျီထဲသို့ စပါးကို သွင်းလော့

ထိုကျီထဲသို့ မေတ္တာတရားကို သွင်းလော့

သခင့်ကျီထဲ၌ စပါးတို့သည် အဘယ်မျှ ခပ်၍မကုန်။


ခန့်

သစ်

ရင်


ရေဘေးသင့် Canaan Farm Land NLF ကို ကူမရန်

09-799-829-868 (KBZpay)

L Zau Tsawm Du (Rev.Israel Laphai)