ငယ်ရွယ်သော်လည်း
အပြစ်စွဲသည်
ပျိုရွယ်သော်လည်း
အပြစ်စွဲသည်
သက်ကြီးသော်လည်း
အပြစ်စွဲသည်
ငယ် ပျို သက်ကြီး
အချိန်နီးသည်
တစ်နေ့နေ့တော့
သေရမှာပေါ့
သေခြင်းတရား
အရွယ်မခြား။
အပြစ်ရှိသူ
အို-လူသားတို့
ကျင့်ကြံကြိုးစား
မရပါကား
ကုသိုလ်ကောင်းမှု
မဖြစ်နိုင်ဟု
အလိုအလျှောက်
ဘယ်လိုမရောက်
ယုံကြည်ခြင်းဖြင့်
ကယ်တင်ခြင်းသို့
ကျေးဇူးတော်ကြောင့်
ရောက်တော်မှု၏။
ဘုရားမိန့်ထား
သမ္မာကျမ်းကား
ယေရှုသခင်
ကယ်တင်ရှင်ကို
ယုံကြည်ပါက
အပြစ်နွံမှ
လွတ်မြောက်ရပြီ
နောင်စိတ်အေးအောင်
ယေရှုကိုဆောင်။ ။
လူသား(ဆားမှော်)
ရေဘေးသင့် Canaan Farm Land NLF ကို ကူမရန်
09-799-829-868 (KBZpay)
L Zau Tsawm Du (Rev.Israel Laphai)