မျက်ကွယ်အလှ

ရှေ့ထွက် ဟန်ပန်
မာန်အပြည့် ဇာတ်ရုပ်ပီပြင်လှတယ်၊
တခန်းရပ်လို့ ကန့်လန့်ကာနောက်အဝင်
ဘီလူးမျက်နှာ ဘွားခနဲ။ 
ဇာတ်စင်နောက်က ပုံရိပ် 
ရှေ့ထွက်သဏ္ဍာန်ထက် လှပါစေ။

TMJZ