လူသားအတွက်လူသား

အနောက်အရပ်က 
အတောင်တဖျပ်ဖျပ်နဲ့
အရှေ့ဘက်ကို လွှင့်ရင်း
ခိုနားခြင်းအရပ် ဟာ
အမှောင်ကမ္ဘာအတွက်
ပေးဆပ်ဖို့လာခဲ့သူ
မျှော်လင့်ခြင်းတိမ်တိုက်က 
တခြားကို ပို့လိုက်လေသလား ...
ကမ်းစပ်ကို ‌ခြေချတော့ 
နစ်သွားတဲ့ခြေအစုံကို
ရုန်းကာ ထလို့ ကြည့်မိမှ
ထိုးထိုးထောင်ချွန်ချွန်တက် နဲ့
ပြောင်လက်တဲ့ ကျောက်တွေက
ကုန်းပေါ်ကကြိုနေလို့
မျိုးစေ့ချဖို့ ဆုံးဖြတ်ချက်
ပြတ်ပြတ်သားချလိုက်တယ်....
ဒီမြေဟာ ကောင်းကင်တက်ရာလမ်း
လူသားဘဝပြည်ဖုံးကားချလို့
ကောင်းကင်ဖို့ ဖြစ်စေတာ
သဘာဝမတူပေမယ့်
ချစ်တဲ့စိတ်က ဘဝများစွာအတွက်
အသက်ဆုံးလို့ ပျောက်ဆုံးခန္ဓာ 
ဘယ်ဆီမှာလဲ ဆိုရင်တောင်
ယောင်လို့ရှာဖို့ဆိုရင်‌လဲ မတွေ့နိုင်ဘူး
ရူးသွပ်ခြင်းလို့ ပြောမလား
ပင်လယ်ထဲမျောခဲ့ရသူ
လူတွေအတွက်ပေးဆပ်ခြင်းများစွာနဲ့ 
စိုက်ပျိုးလို့ သူပေးခဲ့တာကြောင့်
နှောင်းလူတို့ သိခွင့်ရခဲ့အကြောင်း
ပြောင်းလဲခြင်းနဲ့ ကောင်းကင်သားဘဝ
ခံစားသွားခဲ့ရတာပါ...
ဒါဟာ...
လူသားအတွက်လူသား
ချစ်ခြင်းတရားနဲ့ ပေးဆပ်သွားမှုက
အခုများဆို သက္ကရာဇ်ကို
ထုဆစ်ကြည့်ရင် ...
တမ်းတမိရင်း ကျေးဇူးတင်ခြင်းနဲ့
ရေတွက်မိတယ်... AD

Stallone(PYAPON)