ခေတ်သစ်ရဲ့တမန်

ဝိညာဉ်သောကမီးတောက်နေတဲ့ ကမ္ဘာမြေရဲ့တနေရာ
သူဟာ ငြိမ်းပေးဖို့အတွက် အစွန်းတဖက်က
ဘယ်သွားရမယ်မသိပေမယ့် 
သခင်ပို့တဲ့နေရာအတွက်
တိုးထွက်လာခဲ့တဲ့ ခေတ်သစ်ရဲ့တမန်တော်တဦး

နာမည်ကလည်းထူးခြားသလို
ဝိညာဉ်တွေတွက် ပူပင်လို့ကြောင့်ကျ
ကျယ်ပြောလှတဲ့ ပင်လယ်ပြင်ကိုဖြတ်ရင်း
ရဲရင့်ခြင်းနဲ့ အခြားတဖက်ကိုခရီးဆက်ခဲ့သူ
ရူပါရုံနဲ့ ရှေ့ဆက်ရင်းက ရောက်ခဲ့ပြီ ...

အမှောင်ထုဖုံးလွှမ်း ကမ်းရိုးတမ်းဆီရောက်လို့ 
စိတ်နှလုံးတို့ထိခြင်းက ပြောင်းလဲခြင်းကိုပုံဖော်ရင်း
ဆင်းလို့လာခဲ့ပြီ သင်္ဘောပေါ်ကနေ
ခြေချလိုက်တော့ နစ်သွားတဲ့ခြေအစုံကို
အားယူလို့ ရုန်းကန်ပြီး ကမ်းပါဆီတက်ခဲ့ပြီ ...

နားမလည်တဲ့စကား စိတ်ပျက်မသွားဘူး
ထူးခြားစွာပဲ အဘိဓာန်ပါ ဘာသာပြန်ရင်း
နှုတ်ကပတ်တော်နဲ့ စာပေဘဝကိုမြှင့်တင်လို့ ပို့ခဲ့လူသား
အကျဉ်းထားလည်း ရှိထားတဲ့အရာနဲ့ချီးမွမ်းဆဲပဲ
ခွဲခြားမရတဲ့ စာပေနဲ့နှုတ်ကပတ် ဆက်စပ်လို့ပုံဖော်ခဲ့ပြီ ...

လောကုတ္တရာအဖြေပျောက်တဲ့သူတွေအတွက်
အသက်ဆက်ရှင်သန်ရာဆီ ပို့ခဲ့ရင်းက 
နောက်ဆုံးပေးဆပ်ရခြင်းက လာခြင်းကောင်းခဲ့ပေမယ့်
နှုတ်ဆက်ဖို့ ဆိုရင်တောင် ပင်လယ်ပေါ်မှာရွက်လွင့်လို့
ရှာဖို့မဖြစ်နိုင်ခဲ့ရဘူး ...
ဒီပြည်အတွက် ခြေရာတစုံကို ချလို့ချန်ခဲ့ပြီ ....
ခရစ်နှစ်စ တွက်ကာကြည့်လိုက်တော့ ၁၆၆ တိုင်လို့
မိုင်တိုင်တွေကျော်လွန်ဖြတ်သန်းရင်း ခရီးနှင်ခဲ့သူကို
သတိတရ မှတ်မိနေမှာ သေခြာတော့သည် ...


Stallone(PYAPON)