မြို့ပြ စာအုပ်၊ စာပေတိုက်တွေမှာ စာပေဖြန့်ချိရေးလုပ်ငန်း လုပ်ဆောင်လို့ရပါတယ်
ခရစ်ယာန် စာပေ၊ စာအုပ်ဆိုင်တွေမှာလည်း စာပေဖြန့်ချိရေးလုပ်ငန်း လုပ်ဆောင်လို့ရပါတယ်
နည်းလမ်းတချို့ကို ပြောပြပေးသွားပါမယ်
နည်းလမ်း အချို့သော၊ အချို့သော လမ်းစ
- စာပေ၊ စာအုပ်တိုက်တွေကို ဆက်သွယ်နိုင်မယ့် လိပ်စာ၊ ဖုန်းနံပါတ်တွေ ရှိပါတယ်
- စာရေးသူ၊ စာရေးဆရာ၊ ထုတ်ဝေသူတွေကို ဆက်သွယ်နိုင်ရဲ့ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာကို မေးမြန်းစုံစမ်းထားပါ
- အဲသည် စာအုပ်၊ စာပေတိုက်ထုတ် စာအုပ်တွေကို % စားနဲ့ ဖြန့်ချိနိုင်ပါတယ်
(အခေါ်အဝေါ်အားဖြင့် စာအုပ်၊ စာပေရောင်းတယ်လို့လည်း သုံးနှုန်းနိုင်ပါတယ်)
- များသောအားဖြင့် 20% , 30% နဲ့ ဖြန့်ချိနိုင်ပါတယ် (စာအုပ်တန်ဖိုးကို အခြေပြုတွက်ချက်သည်)
- ရံဖန်ရံခါ 35% 40% အထိလည်း ရောင်းနိုင်အားပေါ် မူတည်ပြီး ရရှိနိုင်ပါတယ်
- WE တို့ စာပေသံတမန်တို့လုပ်တဲ့ကိစ္စဟာလည်း သည်လိုကိစ္စမျိုးပါပဲ
ဖြန့်ချိတဲ့အပိုင်းမှာ အယူအဆ အမျိုးမျိုး ရှိနိုင်ပါတယ်
- စာပေတိုက်ကနေ စာအုပ်ဝယ် (delivery ခနဲ့ အမြတ်ယူ)
- စာပေတိုက်ကနေ စာအုပ်ယူ (%စား) လကုန်ငွေရှင်း
- Online Sale (Social Media Platform, Value Customer) နဲ့လည်း ဖြန့်ချိလို့ရပါတယ်
အခကြေးငွေ အသက်သာဆုံးဖြစ်ပါတယ်
(သတိပြုရန်မှာ အချို့စာအုပ်၊ စာပေတိုက်တွေဟာ အရောင်းဆိုင်တွေရှိမှ ဖြန့်ချိရေး လုပ်တတ်ပါတယ်)
သင့်တော်မယ့် အကြံပြုစကား
- မိမိဖြန့်ချိရောင်းချမယ့် စာပေအမျိုးအစားကို အသေးစိတ်စာရင်း ပြုစုပါ (ရသသီးသန့်၊ သုတသီးသန့်၊ အရောအနှော)
- စာပေတိုက်၊ စာအုပ်တိုက်ရဲ့ မူဝါဒကို လေ့လာပါ
- ခေတ်နဲ့အညီထွက်ပေါ်လာတဲ့ စာအုပ်၊ စာပေတွေကို ဖြန့်ချိရောင်းချမယ့်သူက မျက်ခြေမပြတ်ပါစေနှင့်
- ရောင်းရမယ့်၊ ပရိသတ်နှစ်ခြိုက်တဲ့ စာအုပ်၊ စာပေကို ပိုမိုဖြန့်ချိပါ (ပရိသတ် စုဆောင်းဆဲကာလအတွင်းသာ)
- ဂန္ဓဝင်စာပေများကိုလည်း အချိန်သေချာပေးပြီး ဖြန့်ချိရောင်းချပါ
- စာဖတ်ပရိသတ်အတွက် ဖတ်ရှုသင့်တယ်ထင်တဲ့ စာအုပ်၊ စာပေကို နေ့စဉ်လေ့လာပါ၊ ဖြန့်ချိပါ
- စာအုပ်၊ စာပေဖြန့်ချိမယ့်အရပ်ဒေသမှာ လက်တွေ့ (ချက်ချင်း)အသုံးတည့်မယ့် စာအုပ်ကို ရောင်းချပါ
- စာအုပ်၊ စာပေရောင်းချမယ့် ကွန်ယက်ကို ကျယ်နိုင်သမျှ ကျယ်ပါစေ (အသိအကျွမ်းများလေ ပိုကောင်းလေ)
- စာရှုသူက ဆက်လက်ဖြည့်စွက်ရန်
Devoship Journal