ကိုယ်တော် ကျွန်ုပ် ဆုမတောင်းတာ ကြာပြီ

နက်နဲရာ မုန်တိုင်း
ရင့်ကျက်လာတော့
အဗ္ဗ ၊ JESUS ၊ ဝိညာဉ်တော်
ဧဒင်မှာ အကြွေစော
မိုးသောက်ကြယ်ဟာ
ပြားသုံးဆယ် လို
အလဲလဲနဲ့ အကွဲကွဲနဲ့
ဘဝ ... 
အသက် ... 
ပျောက် ...
သန့်ရှင်းရာ ဆိုင်းနိုင်းအရပ်လည်း
ရုန်းရင်း ကန်ရင်း
အချိန်မှန်တဲ့ နေလို
တကယ်တော့
ကျွန်ုပ် ဆုတောင်းသည်
ပဌနာတော်နဲ့ မညီခြင်းမျှသာ ။