တချို့လက်တွေက
ပုခက်မလွှဲရပေမယ့်
ပန်းတွေ ပျိုးနေခဲ့ကြတယ်။
တချို့လက်တွေက
ကမ္ဘာကို မအုပ်စိုးရပေမယ့်
အနာဂတ်ရတနာတွေကို
အရိပ်မိုးပေးခဲ့ကြတယ်။
တချို့လက်တွေက
ကလေး မချီခဲ့ရပေမယ့်
လောကကောင်းကျိုးကို
သယ်ပိုးခဲ့ကြတယ်။
စစ်မှန်တဲ့မိခင်သဘာ၀နဲ့
ဖန်ဆင်းခံအလှတရားတစ်ခုဟာ
နှလုံးသား မြုံမနေတဲ့
အမျိုးသမီးထုပါ။
သူမတူတဲ့ မေတ္တာရှင် မွေးသမိခင်ကို
လေးစားစွာဂုဏ်ပြုရင်း
မိခင်နဲ့ တူသော နှလုံးသားရှိသူတိုင်းကို
ကမ္ဘာမြေရဲ့ကိုယ်စား
ကျေးဇူးတင်စကားပါးလိုက်ပါတယ်။
Happy Mother's Day ပါ။
ဗထူးလွင်