ထမြောက်ခြင်း ကတိတော်

ဝိုးတဝါး အလင်းရောင်အောက်
မျှော်လင့်ချက်ပျောက်ခဲ့ပြီ 
သေလမ်းက ပြန်းလှမ်းလို့မရဘူး
ထူးခြားစွာပဲ ဒီနေ့ သုံးရက်ပြည့်လို့
နှုတ်ဆက်လို့အလွမ်းပြေ
ပန်းတွေလို ရနံ့သင်းတဲ့
ဆီးမွှေးတွေနဲ့.....
ဂူကိုပိတ်ထားတဲ့ ကျောက်တုံး 
ဘယ်သူတွေက ရွှေ့ပေးမှာတုန်း
အားသုံးဖို့လည်းမဖြစ်နိုင်တာ 
ဝမ်းနည်းစွာနဲ့ မျက်ရည်စတွေစီး
သခင်ရဲ့အနီးကိုလာခဲ့ချိန်မှာ
ကျောက်တုံးဟာ လိမ့်ကာပွင့်နေတော့
သံသယစိတ်တွေနဲ့ပေါ့...
တိုးဝင်လို့ကြည့်မိတယ်သခင် 
နားထဲဝင်လာတဲ့အသံ 
အသေခံခဲ့သူက ဒီအရပ်မှာမရှိ
ထမြောက်ခဲ့ပြီမို့ တို့ရဲ့သခင်
ယေရှုရှင်ကို မျက်ဝါးထင်ထင်ပါ
မြင်လိုက်ရမှ ကြားခဲ့ရတဲ့စကား
မှတ်မိသွားတော့တယ်...
သခင်ဟာ အမြဲအသက်ရှင်လို့
မစလို့ကူညီ ယခုဘဝသာမက
တမလွန်မှာပေးရမယ့်အခပါ
တာဝန်ယူပေးမှာလို့...ကတိပေးခဲ့တယ်...
ထမြောက်ခြင်းဟာ ယုံသူအတွက်
လွတ်ရာလမ်းမို့ တိုးလို့ချဉ်းကပ်
ရှင်သန်ရာနေ့ရက်တိုင်းကို
ချီးမွမ်းလို့အသက်ရှင်ရင်း
ဘုန်းထင်ရှားခြင်း သက်သေထူစို့...