ခရစ်ယာန်စာပေဈေးကွက်

ခရစ်ယာန်စာပေဈေးကွက်ထဲမှာ တွေ့ရှိရလေ့ရှိသော စာအုပ်အချို့များအကြောင်း

Artcard 250g ~ 300g (မျက်နှာဖုံးစက္ကူသား)
Woodfee 70g ~ 80g (အတွင်းစာရွက်)
ဤမျှသာဖြစ်သည်။
(Creamy သားဖြင့်လည်း ရံဖန်ရံခါ ထုတ်တတ်ကြသည်။ Hardcore ဖြင့် ထုတ်သည့်စာအုပ်အား တွေ့ရှိရနည်းပါးသည်)

၃၁လက်မ ၄၃လက်မအား အချိုးချကာ အပိုင်းလိုက်ချကြသည်။
စက္ကူအထပ်ရေ ၃၀၀၀မှ ၅၀၀၀ အထိရှိတတ်သည်။
အချို့တွင် ၁၀၀၀ မျှသာ။
စက္ကူအရေအတွက်နှင့် ဆိုဒ်ဈေးသည် စက္ကူဆိုင် တဆိုင်နှင့်တဆိုင် မတူညီကြပါ။

မိမိပြုလုပ်လိုသည့် စက္ကူ gram နှင့် စက္ကူ Size အား ဈေးနှုန်းမေးမြန်းစုံစမ်းကာ မိမိကိုယ်တိုင်ဝယ်ယူကာ ပုံနှိပ်တိုက်အား အဆိုပါစက္ကူဖြင့် စာအုပ်ထုတ်ဝေခြင်းအမှုပြုနိုင်သည်။
(စက္ကူဈေးတက်သည်ဟု အကြောင်းပြကာ ပုံနှိပ်ခဈေးမြင့်မည့်ပုံနှိပ်တိုက်များ၏ ချင်း (ဂျင်း)အကြံအား ဤနည်းဖြင့် တင်ကြိုကာကွယ်တတ်ရန်)

စာအုပ်ထုတ်ရာတွင် A4 size, A5 size အများဆုံး ပြုလုပ်တတ်ကြသည်။
ဆိုဒ်ပြတ်များလည်း ပြုလုပ်တတ်ကြသည်။
Magazine size ပြုလုပ်လျှင် Size ပြတ်များ မပြုလုပ်ကြပါရန် အကြံပြုလိုပါသည်။
သတိပြုရန်မှာ ဆိုဒ်ပြတ်များပြုလုပ်လျှင် ပိုလျှံသောစက္ကူသားအား ပုံနှိပ်တိုက်က သိမ်းသွားမည်သာ။
Size ပြတ်ဖြစ်လေ ပုံနှိပ်တိုက် ကြိုက်လေ။
စက္ကူ size (လက်မ)အား သိရှိပါက ပိုလျှံသည့် စက္ကူဘေးသား (Artcard)များအား Bookmark ပြုလုပ်နိုင်သည်။
Woodfee များအား အချို့က notepad အနေဖြင့် ပြန်လည်အသုံးပြုတတ်ကြသည်။
အကြောင်းမသိပါက ပိုနေသော စက္ကူ woodfee ဘေးသားအား ပုံနှိပ်တိုက်က အသုံးပြုခြင်းကို ခံရသွားမည်။

လက်ရှိ ခရစ်ယာန်စာအုပ်များတွင် အသုံးပြုလျက်ရှိသော Woodfee စက္ကူသားသည် ဖြူသည်။
သို့ရာတွင် စက္ကူချိုးခြင်း Cutting ဖြတ်ခြင်းနှင့် Binding ပိုင်းတွင်မူ 
ချိုးရာညီညာသေသပ်မှု ၁၀၀ရာနှုန်းပြည့် ကောင်းမွန်သည်အား တွေ့ရှိရ နည်းပါးသေးသည်။
(ဤသည်မှာ ပုံနှိပ်တိုက်နှင့် သက်ဆိုင်သည်)

မျက်နှာဖုံး ဒီဇိုင်းပိုင်းတွင်လည်း ဒီဇိုင်းအားဖြည့်ထားသည်အား တွေ့ရနည်းပါးသည်။
ဂိုဏ်းဂန၊ ဩဝါဒပိုင်း အသားပေးသည့် စာအုပ်များသာ အထွက်များသောကြောင့် ဒီဇိုင်းပိုင်းအား အလေးမထားကြဟန် တူသည်။
ကိုယ်ထူကိုယ်ထ စာအုပ်ထုတ်သူများသည်လည်း စာအုပ်လုပ်ငန်း (ပုံနှိပ်လုပ်ငန်း)အား သိမှီခြင်း နည်းပါးသေးသောကြောင့် ဒီဇိုင်းပိုင်း အားထည့်ရမည်ကို အလေးအနက်ထားရန် မသိရှိကြသေးချေ။
(စာအုပ်ထုတ်ဝေသူနှင့် စာရေးသူ၏ အားနည်းချက်ဖြစ်သည်။
ဒီဇိုင်းဆရာမှာ စာအုပ်ထုတ်ဝေသူ၏ ပြောကြားချက်အား အခြေခံ၍ ဒီဇိုင်းဆွဲရမည်သာဖြစ်သည်)

စက္ကူချုပ်သား ဘေးချုပ်ရာတွင်လည်း ပင်းချုပ်ရာ ငေါထင်းပေါ်တတ်နေသည်။
(Binding ပိုင်းနှင့်သက်ဆိုင်သည်)

အမှားများသည့် ပုံနှိပ်တိုက်ဖြစ်ပါမူ ပုံနှိပ်တိုက်ပြောင်းကြပါဟု အကြံပြုချင်ပါသည်။
သို့မဟုတ်က ပုံနှိပ်တိုက်အား ဆင်ခြင်ကြရန် ပြောရန်သာရှိ။

အပြုသဘောဆောင်သော ဝေဖန်ခြင်းဖြစ်ပါသည်။

မေတ္တာဖြင့်
Devoship Journal