အငယ်ဆုံးသောသူတို့၏နှလုံးသားကို
သခင်ကအသုံးပြုချိန်မှာတော့
မနာလိုခြင်းတွေပြည့်နှက်နေတဲ့
လောကကြီးတခုလုံးပျော်ရွှင်
ဒဏ်ရာတွေမေ့ပျောက်စေဖို့အတွက်ရယ်လို့
ကရာနီလမ်းထက် သခင်မလှမ်းခင်လေးမှာ
လူတွေအတွက်မျှော်လင့်ချက်တွေနဲ့ရှင်သန်
ပျော်ရွှင်ဝမ်းမြောက်ခြင်းတရားဝေမျှ
အပယ်ငရဲကစိတ်ချလွှတ်နိုင်မဲ့တရား
သေချာပြောဖို့ ယေရုရှလင်ကိုဝင်တဲ့အခါ
ဘုရားရဲ့ဘုန်းတော်ပွင့်ကာ
အဲဒီအချိန်မှာ လူတွေအော်ခဲ့ကာ
ဟာလေလုယာ သခင်ဘုရား ဘုန်းကြီးစေသား
မာန်လေးနွယ်
#စာပေမျိုးစေ့အတွက် ချီးမြှင့်ခြင်း #Website