သွေးအော်သံ


တ​စ်မြေ​နေ တ​စ်ရေ​သောက်
တစ်အူတုံဆင်း သားချင်း​ပေလဲ
ရက်စက်တတ်သူက ရက်စက်​နေမြဲ...

တစ်​လှေတည်းစီး တစ်ခရီးတူသွား
တစ်မိုး​အောက်​နေလည်း
ဥ​ပေက္ခာပြုသူက  ပြု​နေမြဲ...

အသက်ကိုသတ်ပြီး ကိုယ်နဲ့မဆိုင်သလို
အ​သွေးကိုသွန်းပြီး ဘယ်သူမှမသိသလို
ဘဝကိုဖျက်ပြီး ငါကညီထိန်းမှမဟုတ်တာတဲ့
ဟန့်ကိုယ့်ဖို့နဲ့ ​ကြောင်​တောင်​တောင် ပ​လေး​နေ​သေး...

​​​သွေး​တွေက ​တ​နေ့ခြောက်သွား​​ပေမဲ့
သမိုင်းက ဘယ်​တော့မှမ​ခြောက်သွားဘူး
​သွေးစွန်းလက်ကို ဆက်​ခြောက်​နေမှာ 

​​သွေးကစကား​​ပြောတယ်တဲ့
ဟုတ်တယ်!
​သွေးကစကား​ပြောတယ်
မတရားခံရတဲ့​သွေးက စကားပို​ပြောတယ်
တိုးတိုး​လေး​​ပေမဲ့ ဒင်းတို့ နားမှာ
တိုးတိုး​လေး​​ပေမဲ့ ဒင်းတို့ အာရုံထဲမှာ
တိုးတိုး​လေး​ပေမဲ့ ဒင်းတို့ အဇ္စုတ္တမှာ
တိုးတိုး​လေး​ပေမဲ့ ဒင်းတို့ အိပ်မက်​တွေမှာ
တိုးတိုး​လေး​ပေမဲ့ ဒင်းတို့ မှန်ကြည့်တိုင်းမှာ
တိုးတိုး​လေး​ပေမဲ့ ဒင်းတို့ မျိုးဆက်​တွေမှာ
​​သွေးကစကားဆက်​ပြော​နေမှာ

ကာဣနကို သနတယ်
ဒင်းလိုလူကို သနတယ်
ဒင်းလိုလူ​တွေကို သနတယ်

မရဏာသာ