ခါးသက်တဲ့အနမ်းနဲ့
ရက်စက်ပေမယ့်
ခွင့်လွှတ်ခြင်းနဲ့
ချစ်ခဲ့သူ....
ရက်စက်ခြင်းတွေက
ကျောပေါ်ကျလာတဲ့
နာကျင်မှုကို အန်တုရင်း
ဝမ်းနည်းခြင်း မျက်ဝန်းထဲ
သိမ်းဆည်းလိုက်ကာ
မောနေရှာလည်း
လျှောက်နေဆဲပါ...
အနာဂတ်လှဖို့
ပစ္စခ လောကကြီးအတွက်
ပေးဆပ်ခြင်းနဲ့
ယိုင်နဲ့သွားတဲ့ ခြေတစုံ
သံတွေနဲ့ရိုက်ခံရင်း
ငြီးတွားခြင်းကို ပမာမပြု
ဖြစ်တည်မှုအတွက်
ပေးဆပ်လို့
ကယ်တင်ခြင်းအတွက်
တန်ဆာဆင်ခဲ့ပြီ။
ဒီလမ်းမဆုံးဘူး
လူလုံးပြရရင်
ငါ့သခင် အခုရှင်နေတုန်း
အဆုံးမဟုတ်တဲ့
တမလွန်အတွက်
ရှင်ပြန်ခဲ့တာ
သက်သေဟာ အနားမှာပဲ။