အညာမှာ ကမ္ဘာပျက်နေပြီ နွေ
နေပူပူမှာ ရင်တွေ ဗလောင်ဆူအောင်ပွက်တဲ့နေ့...
ဒါဟာကျွဲနှစ်ကောင် ခတ်တဲ့ရန်ပွဲမဟုတ်ဘူး
အဓမ္မဝါဒီတွေရဲ့ ယုတ်မာတဲ့ကစားပွဲ
အသွေးအသားတွေ တစစီကြေကွဲ၊
မီးစွဲနေတဲ့ ရုပ်ခန္ဓာတွေနဲ့
ပြည်သူတွေရဲ့ နှလုံးစိတ်ဝမ်းကို
ငရဲခန်းလိုပူလောင်စေတဲ့နေ့
ပူလွန်းလှတယ် နွေ ...
အပူဟာစွမ်းအင်ကိုထုတ်လုပ်တယ်ဆိုတာ
ဒင်းတို့ မသိခဲ့လေရော့သလား
ကြေမွလွယ်တဲ့မြေစာပင်တွေရယ်လို့
အမှတ်မှားခဲ့လေရော့သလား
ရင်ဘတ်စည်တီးသံတွေဟာ
အိပ်ပျော်နေတဲ့ကျားတွေကို
နိုးထစေခဲ့ပြီ နွေ။