မီးသတိပြု (၂)

နွေအခါရောက်
မီးကိုကြောက်၍
ရေးထားစာစု
မီးသတိပြုလား ။
ရင်ထဲကအပူ
ရင်ပူမီးကို
သူသူကိုယ်ကိုယ်
မေ့ထားလို၍
လောဘ၊ ဒေါသ၊ မောဟမီးနှင့်
ဣဿာမစ္ဆရိယ မာနမီးတွေ
တောက်လောင်နေတော့
ထာဝရခရီး
မရဏာမီးနှင့် နီးခဲ့ပြီ ။

AG ကျော်လွင်