နံရံပတ်လည်သံတိုင်နောက်ကွယ်က
ပေါလုနဲ့သိလ ...
ပဌနာပြုလို့ဆုတောင်းပြီးခါ
သူတို့ ချီးမွမ်းခဲ့ကြတယ်...
နာကျင်ရတဲ့ ဒဏ်ချက်ရာတွေထက်
အသက်များစွာအတွက်
ပြတ်သားစွာဟောပြောလို့
ထောင်ထဲပို့ခဲ့ကြတာ ဘဝဟာနေမသာခဲ့
စီးပွားပျက်သူက တရားစွဲ
မတရားမှုမှာ ချောက်ချခံရရင်း
နှိပ်စက်ခြင်းတွေ သွေးစတို့စီး
သံကြိုးချည်ပြီး ထောင်ကြီးထဲ
ချီးမွမ်းစရာတော့ မကောင်းပေမယ့်
ဘဝရဲ့ဖြစ်တည်မှုထဲ
နာမတော်ကိုခိုလှုံရင်း ကျေးဇူးတင်ခြင်းကိုသီဆို
ထောင်မှာ သံကြိုးတွေပျက်စေပြီး
ထောင်မှူးလည်းပြောင်းလဲစေခဲ့
အခြေအနေရဲ့အထက် အသက်ရှင်ခြင်းက
လှပတဲ့အနာဂတ်နဲ့ ရှင်သန်ရာအစစ်မို့
ဆုတောင်းလို့ပဌာပြုရင်း
ချီးမွမ်းသီချင်း အတူတူဆိုကြမယ်...သူငယ်ချင်း