???


စိုးစံဖို့လား
ခြိုးခြံဖို့လား
ကြွေးကြော်ဖို့လား
အကြွေးတွေကြော်ဖို့လား
ဒါမှမဟုတ်
(ဘာညာသရာကာ နေကြာကွာစိတောင်ကြီးပဲလှော်တွေ)
ကျော်ကျွေးဖို့လား
ခွကျွေးဖို့လား
ကျော်ခွကျွေးမွေးဖို့လား
(စမူဆာလား မဆလာလား ပလာတာလား ခါဂျာလား)
ဝင်ပါဖို့လား
ပါဝင်ဖို့လား
လိုက်လျှောက်ဖို့လား
လျှောက်လိုက်ဖို့လားနဲ့
သေချာကြည့်မှ
နှလုံးတွဲနဲ့အမုန်းဆွဲမဲ့
မာမွတ်အီကြာမှန်းသိရင်
အမှုဆောင်လောကောမှာ
အတုအယောင်တွေပေါလော်ပေါ်နေကြတာ
ဝါဒလှိုင်းစီးရင်းနှာထ
သိုင်းတီးနေကြတာ
မြင်ရကြားရ နားဝမသက်သာလှသမို့
စလောင်းမတပ်ဘဲခတ်မိတဲ့မောင်းသံက
"ကာမဂုဏ်ချုပ်ရင်းတီးရင်းနဲ့
သာသနာ့သတင်းနဲ့
သခင်ဘုရားရဲ့အလင်းကို
သယ်ကြဆောင်ကြပါအရပ်ကတို့ရယ်"။

ထီးခူ