နှုတ်ကပတ်စကား နားရှိလည်းမကြား
ကြားရပြန်တော့ ခါးနေတော့တာ
ဘာများမှားနေလဲ .....
နှုတ်ထွက်စကား ပြောပေမယ့်မကြား
ကြားတော့လည်း အမှားပဲလို့ထင်
မမြင်ချင်ပြန်ဘူး .....
သွားတဲ့ခြေ လျှောက်မှန်းသိပေမယ့်
ဘယ်ဆီလှည့်နေလဲ ဆူးတောထဲတိုးလို့
ခိုးလုခုလုနဲ့ .....
ခါးနေတဲ့နား သေချာစဉ်းစား
ကြားနေတဲ့အမှား သုံးသပ်လို့ ဆုံးဖြတ်
သွားနေတဲ့ ခြေလှမ်းနောက်လှည့်ကြည့်စမ်းပါ
တိတ်ဆိတ်လို့သွားတဲ့ခါ
ဝိညာဉ်တော်ရဲ့ ခေါ်သံဟာ
တိုးညှင်းစွာပဲ
.
.
.
.
နှလုံးသားထဲက
နှုတ်ကပတ်တရားနဲ့ အလင်းပေးလို့
အမှန်လမ်းမှာ လျှောက်လိုက်ဖို့
ပြညွှန်ပေးပါလိမ့်မယ် .....
Stallone (PYAPON)