လမ်း


လူ့ဘဝရဲ့ပေတရာပေါ်
စထွက်မှတ်တွေမတူကြသလို
သွားနေတဲ့ အမြန်နှုန်းတွေလည်း
မတူညီနိုင်ကြဘူး။
ဒီထက်ပိုအရေးကြီးတာက 
ဦးတည်ချက်လားရာ လမ်းကြောင်းတွေ 
မတူကြခြင်းပဲ။
ဘဝတခုရှင်သန်ရာမှာ အများနဲ့မတူ
သီးသန့်ဖြစ်တည်လာမှုတိုင်းကို 
ထပ်တူပြု ပုံစံတူတွေဖြစ်စေခဲ့ရင်
အသွေးအရောင်စုံလင် လောကဝယ်
ဘယ်မြင်နိုင်ပါတော့မလဲ။
သူကလည်းသူ့ပြေးလမ်းကြောင်းပေါ်မှာ
ကိုယ့်မှာလည်း ကိုယ့်ရဲ့ အငန်းအတာ။
ကိုယ့်တာဝေးရလဒ်ကို သူ့တာတိုရလဒ်နဲ့
မနှိုင်းယှဉ်မိကြစေနဲ့။
ကိုယ့်တာတိုရလဒ်ကလည်း
သူ့တာဝေးရလဒ်ကို မလှောင်ရယ်ချင်စမ်းပါနဲ့။
မတူတာကို အတင်းအကျပ် ညီမျှခြင်းချ‌ကြမယ့်အစား 
ညီညွတ်ခြင်းတွေရှိကြမှသာ လောကဝယ် အလှဆင်နိုင်မယ်။ 
စက်ရုံထုတ် ကုန်ပစ္စည်းနှယ်
တပုံစံတည်းထပ်တူကျဖို့ 
ဖန်ဆင်းခံမဟုတ်ခဲ့ပါကွယ်။
ဘုရားရှင် တင်‌ထားပေးတဲ့ 
ကိုယ့်ဘဝရဲ့ ပြေးလမ်းကြောင်းကိုသာ တည့်မတ်စွာရှုမှတ်လို့
ပန်းတုံးတိုင်သို့ တစိုက်မတ်ပြေး‌ကြရမယ်။
ပန်းဝင်ချိန်တွေ မတူကြသော်လည်း
ပန်းတိုင်မှာ
သခင်က ဆုလာဘ်နဲ့ကြိုနေတယ်။
ထိုလမ်းကို အဆုံးတိုင်ရောက်အောင် အားထုတ်လျက် ဒို့‌ ပြေးကြမယ်။

Acacia