မျှော်လင့်ချက်


အတွေးပူ သွေးဆူလို့
ရင်မှာလောင်မြိုက် သခင်,မကြိုက်တဲ့ ဒုစရိုက်
ပြုမိပြီ။

သခင့်စကားကိုပယ်
အပြစ်တရားကို တွယ်လို့
ရခဲ့ပြီ နောက်မှ
နောင်တ။

နောင်တကိုပွေ့ပိုက်
ဘေးမခိုက်ချင်တော့ပါ သခင်ရယ်
နှလုံးသားကိုလုံခြုံ အပြစ်တရား မခိုလှုံအောင်
နေရာယူလှည့်ပါတော့ သခင်ရယ်

အနာဂတ်မဲ့သွားတဲ့ မနက်ဖြန်အတွက်
မျှော်လင့်ချက်ဖိနပ်တရံ ပြင်ဆင်ပေးပါ သခင်ရယ်။

ဝဏ္ဏ (သခင့်လူငယ်)