ဇာတိ


ထလာပြီဇာတိ ငါမသိလိုက်ခင်မှာ
အတွေးကို ခိုးစား
အသွေးအသား မရိုးသားအောင်
လုပ်လိုက်ပြန်ပြီ ။

သခင့်သွေးနဲ့ပေးတဲ့ အသက်
တနက်စာ မကြံနဲ့
လာမထိနဲ့ဇာတိ အသာတကြည်ပြောရင်ထွက်

ကောင်းကင်နှင့်မြေကြီး အသာစီးတဲ့
သခင့်နာမကိုခေါ်ဖိတ်
အသာလေးရိုက်လို့
အများတကာ ဘေးမခိုက်အောင်
ရိုက်လိုက်ပြီ ကားတိုင်မှာ ။

ဝဏ္ဏ (သခင့်လူငယ်)