ချစ်တတ်လို မပစ်ရက်ခဲ့ဘူး
လူလုံးဘဝကစလို ချစ်ခဲ့ရင်းက
အနာဂတ်အတွက် အလင်းတစက်အဖြစ်
ပြင်ဆင်ထားသူ....
လူမမယ်ကလေးဘဝ
အိပ်ပျက်ညတွေတိုင်း
သံယောဇဥ် တံတိုင်းကို
ဖြိုမချခဲ့ဘူး....
အရွယ်ရောက်တဲ့အခါ
မမှားရအောင် လမ်းပြပဲ့ပြင်
သွန်သင်ဆုံးမပေးရင်းက
ဘဝသင်္ခန်းစာ စာအုပ်ကြီးဟာ
အနာဂတ်ကမ္ဘာမြေအတွက်
သူဖတ်စေခဲ့တယ်...
သမ္မာတရားနဲ့ မမှားရအောင်
လမ်းပြပိုဆောင်ပေးရင်း
အောင်မြင်ခြင်းပန်းတိုင်
လှမ်းကိုင်နိုင်ဖို အတွက်
နှုတ်ကပတ်တော်ကိုစွဲကိုင်ပြီး
ချီးမွမ်းခြင်းကို ပြခဲ့သူက
ဒီဘဝမက တမလွန်အရေးပါ
သင်ပြလိုပေးခဲ့တာဟာ
အခုတော့ ငါ နားလည်ခဲ့ပြီ...
မာတာကို ကျေးဇူးတင်သည် ....
Stallone (ဖျာပုံ)