အမေအို မေတ္တာမိုး
သားဆိုးတွက် သွန်းဖြိုးရွာ။
စမ်းသဖွယ် အစဥ်အေးမျှ
ဖြူစင်လှ အကြင်နာ။
နှစ်တစ်ရာ
ချစ်သဒ္ဓါ ဘယ်မခမ်း။
သားအတွက်ဆို အချိန်မလင့်
ဖူးပွင့်တဲ့ပန်း။
နန်းမဆန် ပန်းချီရှုံး
အမေ့အပြုံး စမ်းပမာ။
သားဂုဏ်ပြောင် လူနေတင့်ဖို့
ငြမ်းဆင့်ထူကာ။
သောကဖြာ
ဒေါသမပါ ဆိုဆုံးမ။
လောကဓံ ရင်ဆိုင်တတ်ဖို့
ကြပ်မတ်သင်ပြ။
အိုက်ပေါင်းဆန် (ဝရွှေပြည်)