ထလာပြီ ဇာတိ ငါမသိလိုက်ခင်မှာ
အတွေးကို ခိုးစား
အသွေးအသားကို မရိုးသားအောင်
လုပ်လိုက်ပြန်ပြီ ။
သခင့်သွေးနဲ့ပေးတဲ့အသက်
တနက်စာ မကြံနဲ့
လာမထိနဲ့ဇာတိ အသာတကြည် ပြောရင်ထွက်
ကောင်းကင်နှင့်မြေကြီး အသာစီးတဲ့
သခင့်နာမကိုခေါ်ဖိတ်
အသာလေးရိုက်လို့
အများတကာ ဘေးမခိုက်အောင်
ရိုက်လိုက်ပြီ ကားတိုင်မှာ။
ဝဏ္ဏ (သခင့်လူငယ်)