ဪ
တခါတရံ အလျင်တဆောဖတ်မိရဲ့
ဝိညာဉ်မပါတဲ့ သက်သေခံစကားဟာ
တပါးသူနှလုံးသား သံလျက်ဖြစ်နေလား
နှုတ်ကပတ်တော်အမှားယူ၍ ပြောမိရဲ့
သက်သေခံချက် ဆားပါရဲ့လား
သခင့်နှုတ်ကပတ်စကား
အချိန်ယူ မျိုးစေ့သဖွယ်စိုက်နိုင်ဖို့
ပျားလပို့ပမာ နှုတ်ခမ်း
ဆားကဲ့သို့ တန်ဆာဆင်နိုင်ရမယ်
နှုတ်ကပတ်တော်လို့ ဆိုပြန်ခါ
အမှားအမှန်နဲ့ အသွားအပြန် ချိန်ညှိရမယ်
လိုရာသွတ်သွင်း ဇွတ်တင်းမလုပ်လိုက်နဲ့
ပြောထွက်တဲ့နှုတ် (အသီး)
စိုက်တိုင်း ရိတ်တတ်ရမယ်
ဒါမှ သခင့်စစ်သား။
ဝဏ္ဏ (သခင့်လူငယ်)
#စာပေမျိုးစေ့အတွက် ချီးမြှင့်ခြင်း #Website