အမွေ


မုန်းတွေ အဆုံးသတ်သွားပြီး
သုံးရက်မြောက်မှာ 
ချစ်ခြင်းတွေက ရှင်သန် 

မြေကြီးဟာ
ပုံသဏ္ဍာန်ပြောင်းလဲသွားတယ် 

အမုန်းတရားဆိုတာ
အမွေစားအမွေခံအဖြစ်
မွေးမြူထားဖိုမှ မသင့်တာ 

ချစ်ခြင်းမေတ္တာသာ အမွေခံ
ထာဝရ ရှင်သန်သွားဖို 

အမုန်းတရားတွေကို ရိုက်ချိုး
စရိုက်ဆိုးတွေကို အသေသတ်
ချစ်ခြင်းတွေနဲ့ ရှင်သန်တတ်ပါစေ။ 

တံငါ (ကမ်းရိုးတန်း)