ပစ်ခဲ့ရသမျှ
စုတ်ပြတ်သွားတဲ့ ဒဏ်ချက်တွေ
ကားတိုင်ထက်မှာ သခင်ဟာ အထပ်ထပ်သေ
စီရင်ချက်ချခဲ့သမျှ
အတ္တဟာ ငါတို့ရဲ့ ဓားတွေ။
အပြစ်နဲ့
အပစ်ခံရသူအတွက်ပါ
ငါတို့ရဲ့ ယိုးစွပ်ခြင်းအားတွေ။
ကျောက်ခဲတွေ
ကျောက်ခဲတွေ
ငါတို့ကိုယ် ငါတို့စီရင်စေ
အမျက်တရားတို့ကိုဖြေ
ဒီနေကြီး မဝင်ခင်သရွေ့ပေါ့။ ။
ခန့်သစ်ရင်