ပညာသည်မှာ ဆည်းပူးပါ

တံငါမှန်လျှင် ငါးဖမ်းတတ်မှ
တံငါ စစ်၏။
ဓမ္မဆရာမှန်လျှင် ဝိညာဥ်ဖမ်း၍ တည်ဆောက်ပါမှ
အစေခံ မှန်၏။
ငါးဖမ်းအတတ် မတတ်မူ၊
တံငါအိုမှာ မှီဝဲအပ်သလို၊
ဝိညာဥ်ဖမ်းခြင်း တတ်ပညာအား
သခင်ဘုရားထံမှာ သင်ယူပါလေ။
သခင်ဘုရားကား လူဖမ်းတံငါ
ထိပ်ခေါင်ဘုရင်တည်း။

TMJZ