မသဲကွဲတဲ့ အမြင်အာရုံမှာ
ထပ်ထပ်ကာရိုက်ပုတ်ခံရတော့
ကန့်လန့်ကာ ချခဲ့ချင်ပြီ....
နားထင်ကို သွေးတိုးလှုဆော်လေသလား
ကြောင်တကောင်ရဲ့အမြင်မျိုး
အမှောင်ထဲတိုးရင်း ဖွေရှာကြည့်တော့
တစ္ဆေတကောင်လို ထင်ကြပြန်တယ်
လေဆန်ပျံမယ့်ငှက်ဆိုတော့လည်း
အတောင်ကိုကော့ ခေါင်းကိုမော့ရင်းက
တိုးထွက်ခဲ့ရတယ် ဝေဟင်ပေါ်ကို
အချိန်ဆိုတာ..စိတ်ကိုကုသစရာပဲ
တဝဲဝဲနဲ့ ရစ်လာတာ တပတ်ပြီးတပတ်
ရုန်းထွက်ဖိုတော့ ခက်ပါတယ်
နာနေတဲ့ အတွင်းအဇ္ဈတ္တကို ချိုးဖိုဆို
တောင်တန်းနဲ့ တောအုပ်ထဲရှာရင်း
လေဟုန်ခွင်းလို ဆင်းလိုက်ပြီမို
အတောင်ညောင်းလို နားလိုက်တာပါ
ငါ...ခဏတော့ မပျံသေးဘူး...
Stallone (ဖျာပုံ)