အို...သောကြာ


မြည်းလေးစီး မြို့ကြီးထဲဝင်လာတော့
ဟော....သူတို့
သောင်းသောင်းဖြဖြ ဝမ်းပန်းတသာ ကြိုကြပြန်တယ် ...

အဝတ်နဲ့ သစ်ရွက်တွေခင်း 
ဖြတ်နင်းဖို့ ဟောရှဏ္ဏလို့ဆိုပြီး 
လိုလိုလားလား လူသားကိုကြိုလို့
လိုဘပြည့်ဖို့ တိုးဝှေ့လက်ပြရင်း
ချီးမွမ်းလို့ ဆိုကြလေရဲ့....

မောက်မာတဲ့ လူတစုကြောင့်
သောကြာဟာ အကြီးတန်သွား...

မီးလျှံလိုပူတဲ့ နေအောက်မှာ
ပင်ပန်းစွာ ကားတိုင်ကိုဖက်
လှမ်းတက်ခဲ့တဲ့ တောင်ကုန်းမှာ
နာကျင်ဝေဒနာ မြိုသိပ်ရင်းကြေကွဲ
မင်းတို့ပဲကြိုဆို အခုလိုကားတိုင်ပေါ်တက်ခိုင်း
စိတ်ရိုင်းအလိုပြည့်စုံဖို့အတွက်
ကားတိုင်ထက် တင်သတ်ရင်းက
ဟောရှဏ္ဏလည်း ပျောက်သွားပြီပေါ့..

ပေးဆပ်သူ ကယ်တင်ဖိုရန်အတွက်မို့
အပြစ်မဖို့ခဲ့ဘူး ချစ်လွန်းလို့ပါ...
ဒီသောကြာဟာ... နာကျင်ရပေမဲ့
နောက်ခါရမယ့် အပြစ်လွှတ်ခြင်း
သေမင်းကို အောင်မြင်သွားမှ 
သောကြာဟာ မမေ့နိုင်စရာ
ရက်စွဲတခုဖြစ်ခဲ့ပြီ...

ကုလားကာလည်းကွဲလို့
တားဖို့မရှိ ခြားဖို့မလို ထိုထိုသောကြာကို
ငါငိုပေမယ့် မျက်ရည်ကြားက 
အနီးအပါး တိုးဝင်ခွင့်ရခဲ့တာ 
ဒီသောကြာနေ့ကိုပဲ ကျေးဇူးတင်ရင်း....
အို...ချစ်စွာသော သောကြာ 
ကဗျာစာတိုရေးလို့
ဘယ်လိုမှ မမီနိုင်ခဲ့ဘူး....

Stallone (ဖျာပုံ)