ဒုက္ခတွေ့နေလား မိတ်ဆွေ
မုချဝန်ခံ အမြင်မှန်ရစေချင်
အန္တရာယ်ဝိုင်းလို့
လှိုင်းတံပိုး ထန်နေပါစေ
သခင့်ကိုရှေ့ရှု ဘေးကိုမမှုထားနဲ့
သင်လျှောက်နေတာ ရေပေါ်မှာ ။
ပေတရုအသက်တာလို
ရေပေါ်က အတွေ့အကြုံ
အလွန်ပင် စုံမက်စရာပါပေ့ ။
ယုံခြင်းရဲ့ အသက်တာ
အများရှေ့မှ အံ့ဩစရာ
ယုံမှားသံသယ ဘေးဖယ်စမ်း
လှိုင်းတံပိုးထက်မှာ သင်လျှောက်လှမ်း ။
ဝဏ္ဏ (သခင့်လူငယ်)