တစတစနဲ့ ဘဝရဲ့အတွေးထဲမှာ
အရိုးစွဲနဲ့အတ္တတွေကြောင့်
တထောင့်တည ပုံပြင်တွေလို
ဟိုလိုတမျိုး ဒီလိုတဖုံနဲ့
အစုံလိုက် အပြုံတိုက်ရင်း
မှောင်မိုက်ခြင်းရဲ့စေရာနောက်
ကောက်ကောက်ပါအောင်လျှောက်လို့
အငြိုးနဲ့မိုးလို တိုးလိုရွာနေသလား
နားထဲမှာလည်း ဆူဝေသံတွေက
ဟိုနားတစ ဒီနားတစပြန့်ကြဲရင်း
ဆင်းရဲခြင်းဝေဒနာကို ခံစားလို့
ငိုဖို့အတွက် မျက်ရည်တွေတောင်မှ
ဆာဟာရတခုလုံး အရောက်ဆင်းတာ
ခမ်းခြောက်ခြင်းတွေကို စုပုံကာ
အသာယာလှစ်ပြလိုက်နေသလား
မြက်စားတဲ့နွားတွေဟာ ကွင်းပြင်ထဲမှာ
ခြောက်နေတာကို မျက်မှန်တပ်ပြီးစားတော့
ကောင်းနေမှာပေါ့...
ဆာဟာရမှာ ဘာများရစရာရှိလို့လဲ
ဒီဘဝ နွားဖြစ်ခြင်းကို ဂုဏ်ဆာရင်း
သေမင်းနှုတ်ခမ်းကို နင်းနေလေရဲ့
Stallone (ဖျာပုံ)