ဆန္ဒတခု


အမှောင်ကို မကြိုက်လို့
မည်းနေတဲ့ အခန်းထဲမှာ
ဖယောင်းတိုင်ဆောင်ထားတယ်...
လူမမယ်ကလေးတွေလည်း
မှောင်ထဲမနေစေလိုဘူး..
လိုသူတွေအတွက် တစက်စက်ကျနေတဲ့သွေးက
အလင်းလေးသာဖြစ်ခဲ့ရင် 
ပေးဆပ်ရင်းနဲ့ လင်းလိုက်ချင်ပါရဲ့
အမှောင်တွေဝေးလို ခန္ဓာစတေးရင်း
ဖယောင်းတိုင်လေးလိုပဲ ဘဝဟာ ဖြစ်ပါစေ
လူတွေရဲ့ဘဝတိုင်း 
အလင်းတိုင်ကိုကြည့်ပြီး
ခလုတ်မထိ ဆူးမငြိပါစေနဲ့လို့
ဆုခြွေရင်း...
အမှောင်တွင်းကို လင်းစေချင်မိပြီ...

Stallone (ဖျာပုံ)