ဘဝနဲ့ဇရာ


တရွေ့ရွေ့နဲ့အချိန် 
လှည့်နေတဲ့ရာသီ
ဝေးလွန်းတယ်လို့ထင် 
နုရွယ်ပျိုမြစ်ခြင်း
တစစီဆုတ်ဖြဲရင်း
စီးမျောဆဲရာသီထဲ
အနားဆီမှာဝဲလို့သာ
ကာလနာဆီက
အသံဟာတိုးတိုးနဲ့
နားထဲရိုက်ခတ်ရင်း 
လွန်းထိုးမှောက်လှန်လို 
ပိုလိုက် တနှစ်ပြီးတော့ ...နောက်တရစ်
အတန်ငယ်လျော့လာတဲ့
ရာဇမာန်ဟာ
အင်တန်ကာလကြာမှ
ကွာကျခဲ့လေသလား....

မှန်သားပြင်ပေါ်ကြည့်လိုက်တော့
နောင်တတွေပေါ့ ပြန်ကျလာတယ်
ငါမငယ်တော့ဘူး...
ငယ်ရွယ်မှုဝေးသလို
သေခြင်းကို တိုးနီး
ဒီခရီးကြီးက...
မလာချင်လည်းနေ
မပြန်ချင်လည်းသွား
ဘယ်သူတွေများလဲ
သတိထားမိဖိုကောင်းတယ်
သင်သေရင်ဘယ်သွားမလဲ....
ဘယ်သူကမှားခဲ့လဲ....
ကဲဖြေတော့....

Stallone (ဖျာပုံ)