ရေတွက်ခြင်းအမှတ်စဉ်များ


အသက်တာရဲ့ နာကျင်ရတဲ့ ဒဏ်ရာတွေကို
ကြံစည်မမီနိုင်ခြင်းထဲက လက်တော်နဲ့ ဆေးထည့်ပေးတယ်

ဘုရားသခင်ကောင်းမြတ်နေခဲ့တာ ဘယ်လောက်ကြာပြီလဲ
ကျွန်ုပ်တော့စဉ်းစားရင်း အမှတ်စဉ်တွေရှာမရတော့

ကျေးဇူးတော်ချီးမွမ်းခြင်းနဲ့ အပြစ်ဝန်ချတောင်းပန်ခြင်းဆိုတာတွေနဲ့
အစချီ ဆုတောင်းရမှန်းမသိစဉ်က ကျွန်ုပ်ဟာ 
လိုချင်တာတွေ တသီကြီးနဲ့ အစပြုနေကျ
ဒါတောင် ခွင့်လွှတ်ခြင်းကျေးဇူးတရားတွေက အပြည့်အလျှံ
အသက်တာထဲ ဘုရားဖြည့်ဆည်းပေးတိုင်း
အံ့ဩမှုတွေနဲ့မို့ နားလည်ရလည်းခက်

အကြိမ်ကြိမ်ကြေကွဲပြီး မျက်ရည်တွေနဲ့ ငိုယိုဆုတောင်းတိုင်း
နောက်နေ့တွေမှာ ၁၀ဆသော ပျှော်ရွှင်ခြင်းနဲ့ 
တောက်ပတဲ့ အနာဂတ်တွေ ဖွင့်ပြပေးတယ်
ကောင်းမြတ်နေဆဲ ကျွန်ုပ်ရဲ့ နေ့သစ်တွေထဲ လမ်းတွေဖွင့်ပေးတယ်

ပိုလျှံနေတယ်ဆိုတာထက် ပိုလျှံခဲ့ပါတယ်
လုံလောက်နေတယ်ဆိုတာထက် လုံလောက်ခဲ့တာတွေ
အသက်တာထဲမှာ
ကြွယ်ဝတယ်ဆိုတာထက် ကြွယ်ဝခဲ့တာတွေ
အံ့ဩလောက်အောင် အသုံးချမှုနဲ့
စဉ်းစားလိုမမီနိုင်တဲ့ ဘုရားရဲ့ကြံစည်ခြင်းတွေဟာ
ကမ္ဘာပေါ်က ရေတွက်ခြင်း ကိန်းဂဏန်းအမှတ်စဉ်တွေပင်
မလုံလောက်တော့ပြီ... ။

L.R.ထား