အခါခါပျောက်သော သား

ချည်နှောင်ခြင်းတွေနဲ့ လမ်းပျောက်ပြီး
ကိုယ့်ကိုယ်ကိုယ် အတ္တတွေထဲ ပိတ်မိချိန်
နှုတ်ကပတ်တော်ဆိုတာ တပါးသူအတွက်သိပ်မှန်တယ်
တဖတ်အစွန်းရောက်အတွေးတွေနဲ့ ကျမ်းစာဖတ်တဲ့အခါ
စကားလုံးတွေရဲ့ အဓိပ္ပာယ်ကို နားမလည်ဖြစ်ခဲ့ဘူး
နှုတ်ကပတ်တော်ခံယူနေတာခြင်းအတူတူ
စိတ်ထဲကလက်ညှိုးက ဟိုလူမှ ဒီလူဆီသို့ ထိုးညွှန်နေမိတယ်
လမ်းမှန်ကိုမှ ရွေးပြီးပျောက်နေသူပါ
ကြားဖူးနားဝ ပုံပြင်ထဲက ပျောက်သောသားလို
နောင်တတွေ တလှေကြီးနဲ့ပြေးအလာကို
ချစ်ခြင်းတွေအပြည့်နဲ့ပွေ့ဖက်
စည်းစိမ်တွေဖြည့် မျက်ရည်တွေသုတ်ပေးပြီး
ပြေးကြိုတာမျိုးကိုပဲ
အကြိမ်ကြိမ်မျှော်လင့်မိတဲ့ ငမိုက်သားပါ ကိုယ်တော်... 

L.R.ထား