လိုအင်ဆန္ဒနှင့် ငြိမ်သက်ခြင်း

သင်၏စိတ်မှာ လောဘရမ္မက်ကိန်းအောင်း
အပြစ်၏သန္ဓေသားလောင်း အခွင့်မပေးနဲ့
အိုမိတ်ဆွေ။

အဘယ်မှာငြိမ်သက် လောဘရမ္မက်
စိတ်မှာလှုပ်ရှား အပြစ်မှားနဲ့
ဝေဝါးတဲ့ အိပ်မက်လို
အမှန်ကို ရှာမတွေ့
အိမ်အပြန်အခက်တွေ့မှာဆိုးတယ်
အိုမိတ်ဆွေ။

လောဘရမ္မက်ကို ဘေးမယ်
သခင့်ဆန္ဒကို ရွေးချယ်လို့
ဝိညာဉ်တော်ကို နေရာပေး
ဇာတိကို အသာလေးဖယ်လိုက်ကွဲ့
အိမ်အပြန် သရဖူနမ်းရမယ်
အိုမိတ်ဆွေ။

ကျော်လွင် (ကြို့ကုန်း)