လောကပျော်လူသား

ခွင့်လွှတ်ခြင်း ဘယ်စီဝေး
မေတ္တာဆို ဘယ်မလဲ
ဘဝဟာ ခိုကိုးစရာမဲ့
အဓိပ္ပာယ်မရှိ နေ့ရက်ထဲ
ဒီလောကပျော် လူသားတယောက်
လမ်းတွေ ပျောက်ဆဲ ...

ရမ္မက်ကို ဓမ္မထင်လို
ကိုးကွယ်ရာ မှားခဲ့
တဏှာကို အချစ်ထင်လို
မေတ္တာတွေ ငတ်ခဲ့
(တကယ်တော့ ...)

ဖန်ဆင်းရှင် လိုက်ရှာဆဲ
ဘယ်သူပြန်လာမလဲ
စိတ်ရှည်စွာ စောင့်ဆဲ
ဖေးကူဖို လက်ကမ်းဆဲ

သူ့မေတ္တာ
ဘယ်ပန်းချီရေးမမီပါ
ကားတိုင်မှာ အသက်ကို စတေး
ကမ္ဗလာနီသောအသွေး ယိုစီးကျ
ဒီလူသားဘဝ အဓိပ္ပာယ်ရှိစေဖို။

ကျဲရ်