ယေရှု စစ်သည်

အပြစ်ရဲ့ အနမ်းပွင့်တွေ
နှလုံးသားပေါ် ကြွေအကျ၊
ရင်ခုန်သံတွေ ကမောက်ကမ ဖြစ်ရပြီ။

သန့်ရှင်းခြင်းလက်များ ညစ်ညူးချိန်
အထံတော်ပါး တိုးဝင်ဖို့
စိုးရွံ့နေမိပြီ။

သို့သော်
ခရစ်တော်၌သာ ရပ်တည်ပါ
နာခံခြင်းနှင့် လျှောက်လှမ်းကာ၊
လက်နက်စုံကို တင်ကိုင်စွဲ၊ သင်ဟာ မယိုင်မလဲ။

ဝန်ချတောင်းပန်ရင်း အထံတော်နား တိုးကာ၊
နှိမ့်ချစွာ ဆင်ခြင်လျက်၊
ရဲရဲတောက် နှလုံးသားနဲ့ ရပ်တည်လို့
ရှေ့ဆက်ကြစို့၊ စစ်သည်တို့ ။

ဗာရဗ္ဗ