အလံလူသား

တလူလူ လွင့်နေ
တိုင်ထိပ်ဖျားမှာ 
ပုံရိပ်တခု ဖော်ဆောင်နေတဲ့
အလံလေးတခု

လေညှင်းတိုက်ရင် ဖြည်းဖြည်းခက်မယ်
လေပြင်းတိုက်ရင် ဖျတ်ဖျတ်ခက်မယ်
ဘယ်လိုခက်ခက် လှနေတဲ့ 
အလံလေးတခု

မိုးရွာခါ နေပူခါ
မြူနှင်း အုံဆိုင်းခါလည်း
ရာသီမရွေး 
ပုံဖော်ထားတဲ့ ပုံရိပ်တခုကို
တာဝန်ကျေပွန်စွာ ဖော်ဆောင်နေတဲ့
အလံလေးတခု

ဘုရားပုံသဏ္ဍာန်နဲ့ ဘုရားပုံရိပ်ကို
ဖော်ဆောင်ရတဲ့ လူသားတစု
ငွေရာသီပြောင်းလဲမှုမှာ ပုံရိပ်ပြောင်းသွားတာ
စုံစမ်းခြင်း‌လေတိုက်မှုမှာ ပြိုလဲသွားတာ
လောကမှာ ဘုရားပုံဆောင်ဖိုထားပေမယ့်
ဘုရားပုံကို ဆောင်မနေကြတာ
တိုင်ထိပ်ဖျားက အလံ
လူ့ဘုံအထက်က လူ
သင်ဖြစ်နေပြီလား

ဗေ(လားရှိး)