ညနက်သန်းခေါင်မှာ အသံမထွက်အောင် အော်ငိုဖူးတယ်။
မလွယ်ပါဘူး။
ကလီစာတွေ အကုန်တူးထုတ်ခံရသလိုမျိုး...
အမှောင်ထဲက ဘ၀တွေအတွက် ပိုးစုန်းကြူးတကောင်ရဲ့စေတနာ။
ငတ်သေတော့မယ့် ဆင်တကောင်ရဲ့ပါးစပ်ကို နှမ်းပက်ပြီး အလှူလုပ်နေရတဲ့ငါ။
ယူကြုံးမရဆိုတဲ့ ဝေဒနာကို နားလည်သွားခဲ့ရတဲ့ အဖြစ်မျိုး...
ကိုယ့်အမျိုးသားချင်းတို့အတွက်
ကိုယ်တိုင် ခရစ်တော်နဲ့ခွာပြီး
ကျိန်ခြင်းကို ခံယူချင်လောက်အောင်
ပူပင်သောကရောက်ရတဲ့ ရှင်ပေါလုရဲ့ ခံစားချက်မျိုး (ရော ၉:၂-၃)...
မွေးဖွားချိန်ကတည်းက ငိုကြရတာပဲ
ဒီလောကဓံထဲမှာ ဘာဆန်းလို့လဲ။
တကယ်ပါ။
ဒီတခါ ငိုနေရတာ အတ္တလုံးဝမပါခဲ့ပါဘူး။
ကိုယ်နဲ့မသိတဲ့ ငိုကြွေးနေသူတွေနဲ့အတူ ငိုကြွေးခြင်းမျိုး ...
ဒီသစ္စာစကားကြောင့်
ဘုရားသခင်သနားကြင်နာပြီး ကျွန်ပ်တို့ တိုင်းပြည်ကြီးကို ကယ်တင်တော်မှုပါ။
မျက်ရည်ကိုသာ ပူဇော်ပြီး
ဤဆုကြီးကို ကျွန်တော်မျိုးတောင်းလျှောက်ပါသည်ဘုရား။
ဗထူးလွင်