လူပဲ
ဒုက္ခနဲ့ကြုံမှာပေါ့
လူပဲ
သုခနဲ့ကြုံမှာပေါ့
ဒုက္ခတွေ သုခတွေ ကြုံတွေ့ခြင်းက
ဓမ္မတာပဲ။
လူလူချင်းတူပေမဲ့
ခရစ်ယာန်ကတော့
တပန်းသာ။
ဒုက္ခနဲ့ကြုံတွေ့လည်း
ဖေးကူမယ့် သခင်ရှိတယ်
သုခနဲ့ကြုံတွေ့လည်း
ဝမ်းသာမယ့် သခင်ရှိတယ်
ထိုသခင်ဟူသည်
ဧမာနွေလအမည်ရှိသတဲ့
အနက်မှာကား
ငါတို့နှင့်အတူရှိတော်မူတဲ့ဘုရား ။
ကျဲရ်