တရားသဘော မရှိသော သဘောတရားများ

 

ဘုရားရဲ့မနော စောကြောစရာမလို 
ကြည်ညိုသဒ္ဓါပွား ကျင့်ကြံငြားက
တရားသဘောရှိသည်မှတ်။

ဘုရားဟောထက် အများသဘောက ပို
လိုရာဆွဲ စကား ဒဿနပွား၍ ဆိုငြားက
သဘောတရား မှားသည်မှတ်။

တရားသဘောက နတ္တိ
ကိုယ်ပိုင်သဘောတရားတွေ အတိနဲ့
ဘ၀င်ခိုက်နေတဲ့လူမိုက်
ဘုရားကို နင်ဖန်ဆင်းခဲ့တာလား
ဘုရားရဲ့အတွင်းဝိညာဉ်ကိုတောင်
သရုပ်ခွဲပြီး သူသွန်သင် 
အယူလွဲမှားစေမယ့်
ဝါဒ မုသားတွေကို သတိပြုကြပေရော့
ကြိတ်ဆုံကျောက်ကိုလည်မှာဆွဲ
ပင်လယ်ထဲဆင်းပါရစေတော့လို့
ငရဲနဲ့တွေ့မှ နောင်တရမယ့် ဘ၀ကို ရှောင်ကြပါကုန်။

ဗထူးလွင်

#စာပေမျိုးစေ့အတွက် ချီးမြှင့်ခြင်း #Website