ရာခပ်ရဲ့ ထွက်ပေါက်

ခန္ဓာကိုယ်တခု
အရင်းပြုပြီး
နုရွတဲ့လက်တွေနဲ့
ဧည့်ဝတ်ပြုတဲ့ ရာခပ်။

ပုရိသတွေရဲ့ တဏှာမီးကို
အထားကြီးကြီးနဲ့ကိုင်တွယ်
သူက ကိုယ်ခန္ဓာကျွေး
ဧည့်သည်က အသပြာပေး
စီးပွားရေးတွေ ကောင်းနေတာ။

ကယ်တင်ခြင်းကို
တောင့်တခဲ့တာတော့ အမှန်ပဲ
အညှီအဟောက်တွေထဲက
ရုန်းထွက်ချင်သူတယောက်မှန်း
သေချာတယ်။

အလင်းတံခါးတချပ်လည်းပွင့်ရော
ပြတင်းတံခါးပေါ်မှာ
ကြိုးနီတချောင်းက
တွဲလွဲဆွဲရောပဲ။

Sex workerလည်း နိုင်ငံတော်စာရင်း ဝင်တာပဲ
ဘဝဒဏ်ရာတွေ
ဘယ်လောက်ကြီးပါစေ
ပျောက်သောသူရှာတဲ့
ကယ်တင်ရှင်လက်တစ်စုံရဲ့
ဒဏ်ချက်ရာတွေထဲမှာ
ရာခပ်အတွက်တော့ 
နွေးထွေးနေပါတယ်လေ။

စွမ်ဇာခိုင်