ဇာတိမှအထ

 

ပြောင်းလဲခြင်းမှတ်တိုင်အောက် 

သိုးမည်းတစ်ကောင်ရဲ့ 

အဆိပ်တတ်နေတဲ့ နှလုံးသား .....

အလင်းမဲ့နောင်တတွေမျိုချရင်း 

ဝိညာဥ်မျက်ရည်တစက် ...... စက် 

လောကကာမဂုဏ် ..... အထပ်ထပ် ။


စာတန် နဲ့  ဘုရား

ကောင်းကင် နဲ့  ငရဲ 

အဲဒီ လွန်ဆွဲပွဲပေါ့  ။


လောကီတရားနုရဲ့ 

ချိုမြမြလမ်းကျယ်ထဲ 

ဇာတိပကတိရဲ့ အနံ့ပြင်းတဲ့လှောင်အိမ်မှာ

ငါ့အတ္တရုပ်ဝတ္ထုတွေလည်း

လှပ ကြွရွနေရဲ့  ။


မနက်ဖြန်ရဲ့ ငြိမ်သက်ခြင်းမျှော်စင်ပေါ်က 

ငါအော်လိုက်တယ် 

"အချင်းစာတန် ငါ့နောက်သို့ဆုတ်လော့"  ။


ဆွန်လျန်မုန်

#စာပေမျိုးစေ့အတွက် ချီးမြှင့်ခြင်း #Website

#DS Telegram #Malak Telegram